နောင်တရား အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ဈေး၌ ဈေးသည်များကို နှာခေါင်းစည်း Mask တပ်ဆင်၍ ဈေးရောင်းဈေးဝယ်များပြုလုပ်ရန် ယနေ့နံနက်ပိုင်းတွင် အသိပညာပေးဆောင်ရွက်သည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နောင်တရားမြို့ စည်ပင်သာယာရေးဌာန၊ တီကျစ်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း များနှင့် ပရဟိတအဖွဲ့များက တီကျစ်ဈေး၌ ဈေးရောင်းဈေးဝယ်ပြုလုပ်နေသည့် ဒေသခံပြည်သူများကို နှာခေါင်စည်း Mask တပ်ဆင်၍ ဈေးရောင်းဈေးဝယ်စေခြင်း၊ ဖျားနာလူနာများရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်စေခြင်း၊ လက်ကိုမကြာခဏ ဆေးခြင်းစသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အသိပညာပေးဆောင်ရွက်သည်။
ခွန်အောင်(နောင်တရား)