နေပြည်တော် ၁၁ ဇွန် 

 

တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Dionisio da Costa Babo Soares ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရားဝင်ခရီးစဉ်အဖြစ် ယနေ့ည ၇ နာရီတွင် ဗန်ကောက်လေကြောင်းလိုင်းဖြင့် နေပြည်တော်သို့ ရောက်ရှိသည်။

 

တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီး Mr.Joao Freitas de Camara၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တီမောလက်စ်တေသံရုံးတို့မှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 
                                                                                 

(သတင်းစဉ်)