နေပြည်တော် ၂၈ နိုဝင်ဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မှုခင်းအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲ၌ တီးတိန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူ(၁၃၂)ဦးအား မှုခင်းကျဆင်းရေး၊ သက်ငယ် မုဒိမ်းမှုမဖြစ်ပွား စေရေး မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့်အချက်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ် ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိသင့်သိထိုက် သည့် အချက်များအား အသိပညာပေးဟောပြောခဲ့သည်။
အလားတူ ထန်တလန်မြို့နယ်ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင် တပ်ဖွဲ့ဝင်များက မှုခင်းအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN