နေပြည်တော် ၂၄ မတ် 

 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် အဆိုပြုလာသည့် ဆရာဝန် ၅ ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၎င်းတို့ ဆန္ဒပြုသည့် ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ မတ် ၂၅ ရက်မှစတင်၍ တွဲဖက်တာဝန်ချထားလိုက်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ သိရသည်။

 

ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ဆန္ဒအလျောက် သွားရောက်တာဝန်ထမ်းဆောင်မည့် ဆရာဝန်များမှာ ဒေါက်တာနုန်းမွန်းထောန် (လက်ထောက်ဆရာဝန် (အရိုး) အခြေခံသင်တန်းရာထူးစု၊ ကုသရေးဉီးစီးဌာန)၊ ဒေါက်တာလာလ်ရမ်ဇာအို (လက်ထောက်ဆရာဝန်၊ ကရင်ပြည်နယ် ဘားအံမြို့ ပြည်သူ့ဆေးရုံကြီး)၊ ဒေါက်တာဘွေမန်းလျန် (ဦးစီးအရာရှိ (လက်ထောက်ဆရာဝန်)၊ NHP Implementation Monitoring Unit)၊ ဒေါက်တာဝတ်ရည်ဝင်း (ဦးစီးအရာရှိ (လက်ထောက်ဆရာဝန်)၊ NHP Implementation Monitoring Unit) နှင့် ဒေါက်တာကောင်းမြတ်ဦး (ဦးစီးအရာရှိ (လက်ထောက်ဆရာဝန်)၊ NHP Implementation Monitoring Unit) တို့ ဖြစ်သည်။ 

 

သူရဇော်