တီးတိန်      ၁၃    နိုဝင်ဘာ     

 

ချင်းပြည်နယ်၊ တီးတိန်မြို့ အဝင်/အထွက် (၃)နေရာဖြစ်သည့် တီးတိန်-ကလေး ကားလမ်း၊တီးတိန်-ရိဒ်ကားလမ်းနှင့် တီးတိန်-တွန်းဇံကားလမ်း အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်- ၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေးကို နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများအား ပါးစပ်/နှာခေါင်းစည်း တပ်ဆင်ရန် အသိပညာပေးခြင်း၊ မြို့နယ်ခြားမှဝင်လာသည့် ခရီးသွားများအား အပူချိန်တိုင်းပေးခြင်း၊ ခရီးသွား ထောက်ခံစာ ပါ/မပါစစ်ဆေး ခြင်း၊ခရီးသွားမှတ်တမ်းရယူခြင်းနှင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကျန်းမာရေးထောက်ခံချက် ပါမပါ စစ်ဆေးခြင်းများ ဆောင်ရွက်သည်။

 

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)