တီးတိန် မေ ၂၄

 

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့နယ် ပညာရေးမှူးရုံး၌ ဗိုလ်မှူးချုပ်ဝင်းကိုကိုနှင့် တာဝန်ရှိသူများသည် မေ ၂၃ ရက်က မုန်တိုင်းဒဏ်ခံခဲ့ရသော ဆွောင်းပီးကျေးရွာအထက်တန်းကျောင်း ပြန်လည်ပြုပြင်ရန်အတွက် သွပ်ပြား ၁၂၀  နှင့် သွပ်ရိုက်သံ လေး ပိဿာကို ပေးအပ်ရာ ဆွောင်းပီးကျေးရွာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ပညာရေးဝန်ထမ်းများက လက်ခံရယူကြသည်။

 

ဆက်လက်၍ ဗိုလ်မှူးချုပ်ဝင်းကိုကို၊ တီးတိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များသည် တီးတိန်မြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း ဆရာတော် ဦးပုညာနန္ဒထံ သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)