တီးတိန် ၊     ၇       ဒီဇင်ဘာ     

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (အိန္ဒိယ-မြန်မာချစ်ကြည်ရေး) အိန္ဒိယနိုင်ငံမှ စတုတ္ထအကြိမ် အထောက်အပံ့ ရန်ပုံငွေဖြင့် တည်ဆောက်သည့် ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ အန်းလန်း- မဏိပူရ်မြစ်ကားကူး ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေလျက် ရှိကြောင်း သိရသည်။

 

အဆိုပါ  တံတားသည် အရှည်ပေ ၃၃၀ ၊အကျယ် ၁၂ ပေ၊ခံနိုင်ဝန် ၁၃ တန် ရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် ၄၂၈ ဒသမ ၁၄၂ သန်းဖြင့် တီပီစီတီ ကုမ္ပဏီက ၂၆.၁၂.၂၀၁၉ ရက်နေ့မှ စတင်၍ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း တီးတိန်မြိုနယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)