တီးတိန်၊ ၂၉ ဒီဇင်ဘာ

ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့၌ ဒီဇင်ဘာ ၂၀ ရက်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင် သွားသည့် မီးဘေးသင့်အိမ်ထောင်စုတစ်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၈ ရက်က တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

လွှဲပြောင်းပေးအပ်ရာတွင် အိမ်ရှင် ဒေါက်တာကမ်းကျင့်ဒါလ်း ၏ အိမ်ဆောက်ပစ္စည်းဖိုးအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ မီးလောင်မှုကြောင့် ဦးခိုင်ခန့်ကိမ်း သေဆုံးမှုအတွက် ထောက်ပံ့ငွေကျပ် သုံးသိန်းကို လည်းကောင်း၊  ကျန်ရစ်သူမိသားစုဝင် သုံးဦးအတွက် ခုနစ်ရက်စာ ဆန်ရိက္ခာဖိုး ငွေကျပ် ၆၃၀၀နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကိုလည်းကောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော် က မီးဘေးသင့် မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တီးတိန်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)