ခိုင်ကမ်း၊ ၁၆ ဒီဇင်ဘာ 

တီးတိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းကို   ဒီဇင်ဘာလ ၁၅ ရက်က ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

တီးတိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  ချုးရင့်အထွေထွေရောင်းဝယ်ရေး နှင့် ထွန်းဂရု သယ်ယူပို့ဆောင်ရေးတို့ မှ PPE ဝတ်စုံ -၂၀၀၀၊ Face Shield -၂၀၀၀ခု၊ MASK (KN-95)  ခုရေ ၁၀၀၀၊ Alcohol Spray (100ml)ဘူးရေ ၂၅၀   နှင့် အသိပညာပေး ဗီနိုင်းပိုစတာ(၇)ခု တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ခိုင်ကမ်းမြို့ ကျေးလက်ကျန်းမာရေး ဌာနခွဲ တာဝန်ခံတို့မှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)