တီးတိန်      ၁၇    ဧပြီ      

 

ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  တီးတိန်မြို့ အဝင်အထွက်(၅)နေရာတွင် လက်ဆေးကန်များထားရှိပြီး ခရီးသွားပြည်သူများ လက်ဆေးခြင်း၊ မှတ်တမ်းရယူခြင်း၊ အပူချိန်တိုင်းပေးခြင်းများကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

414

 

အလားတူ ဆွောင်းပီးကျေးရွာတွင် ကျန်းမာရေးဌာန၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူငယ်များ ပူးပေါင်းပြီး ကျေးရွာအဝင်ပေါက်တွင် အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးခြင်း၊ အဝင်အထွက် မှတ်တမ်း ရယူခြင်း၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာများနှင့် နှိုးဆော်ချက်များကို အသံချဲ့စက်နှင့် Hand speaker များဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

09581

 

ယနေ့၌ ကျန်းမာရေးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်ပြီး ကျန်းမာရေး အသိပညာပေးခြင်းကို ဒေသဘာသာစကားဖြင့် အသံချဲ့စက်နှင့် ကျေးရွာအတွင်း၌ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)

 

09589