တီးတိန် ၁၉ အောက်တိုဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီး (၉၀၆) ဦးအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို အောက်တိုဘာ ၂၀ ရက်နေ့နံနက် ၉ နာရီတွင် မြို့နယ်လုံးကျွတ် တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပြီး ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ ၄င်းဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်၍နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လ ခြားပြီး နှစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


