တီးတိန် ၄ မတ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ် ဒုတိယဦးစီးမှူး ဦးထန်လမ့်မန်က သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သင်တန်းတက်ရောက်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ အတွက် တူညီဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးအပ်သည်။
အဆိုပါသင်တန်းတွင် တုန်းဇန်ကျေးရွာမှ (၇) ဦး၊ ထာလ်မွလ်ကျေးရွာမှ (၆) ဦး၊ ဖိုင်ဇားကျေးရွာမှ (၃) ဦး၊ တွီးထန်ကျေးရွာမှ (၃၄) ဦးတို့ တက်ရောက်မည်ဖြစ်ပြီး မီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေး ပညာများကို သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ မတ်လ ၂၆ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


