တီးတိန် ၃၁ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများရရှိရေး မိသားစုဝင်ငွေ တိုးပွား၍ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ ပန်းရံသင်တန်း ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၁၀ နာရီတွင် တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဝုန်ပြင်းထန် (လက်ထောက်ညွှန်ကြားရေးမှူး)မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းအား နံနက် ၁၁ နာရီတွင် လက်သမား/ပန်းရံသင်တန်းဆရာမှ ဦးဆောင်၍ သင်တန်းစတင်ပို့ချလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လက်သမား/ပန်းရံသင်တန်းတွင် ကျေးရွာ ၅ ရွာမှ သင်တန်းသား ၂၅ ဦး တက်ရောက်၍ သင်တန်းကာလမှာ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။