တီးတိန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျ ယာဉ်ပေါ်လိုက်ပါသူ အားလုံးသေဆုံး

တီးတိန် ၂၁  မေ    
          

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာအနီး တီးတိန် - ရိဒ်သွား ကားလမ်း မိုင်တိုင် (၇/၁)နှင့် (၇/၂)အကြားတွင် မေ ၂၀ ရက် နံနက် ၅ နာရီခန့်က မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။


သတင်းအရ တီးတိန်မြို့နယ် ယာယီရဲမှူးခင်မောင်ဌေး၊ ဒုရဲမှူး မောင်လွင်နှင့်အဖွဲ့၊ လမ်ဇန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂင့်ထွန်းပေါင်နှင့်အဖွဲ့တို့ အခင်းဖြစ်သည့် နေရာသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။


ကလေးမြို့မှ ရိဒ်မြို့သို့ ယာဉ်မောင်းခင်မောင်မြင့် (၆၅နှစ်)၊ သမိုင်း(၁)ရပ်ကွက် (၂)လမ်း ရန်ကုန်မြို့နေသူ မောင်းနင်လာသော 6G/----- ခဲရောင်ယာဉ်ပေါ်လိုက်ပါလာသူ အရှင် ဇေယနန္ဒ (သက်တော် ၅၂ နှစ်) ရတနာမြင့်ဉ္စူကျောင်း၊ ဝေါမြို့၊ ပဲခူးတိုင်းဒေသကြီးနှင့် ဦးစံလှ(၈၂နှစ်)၊ ဒေါ်ခင်စန်းဌေး (၈၀ နှစ်)တို့လိုက်ပါလာသောယာဉ်သည် အခင်းဖြစ်သည့်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ချောက်အတွင်းသို့ ပေ ၃၀ဝ ခန့် ထိုးကျတိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN