တီးတိန် ၉ ဇန်နဝါရီ
ချင်းပြည်နယ် တီးတိန်မြို့၏ အနောက်ဘက် ၇ မိုင်ခန့်အကွာ လမ်းဇန်ကျေးရွာနှင့် မံဆွောင်း တံတားကြား မိုင်တိုင်အမှတ်(၇/၃)နှင့် (၇/၄)ကြားတွင် ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ် ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကလေးမြို့မှ ရိဒ်မြို့သို့ ကွမ်းသီးအိတ်များ တင်ဆောင်လာသည့် ယာဉ်မောင်း မျိုးဇော် (၄၃)နှစ်ခန့်၊ တစ်ဦးတည်းမောင်းနှင်လာသော ယာဉ်အမှတ် 5/A-----(ISUZU) (၆)ဘီးကားသည် အခင်းဖြစ်သည့် နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက် ပေ ၃၀ဝ ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းမျိုးဇော်အား အမှုဖွင့်လှစ်ပြီး ရဲအုပ်သိန်းဇော်ထွန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်