တီးတိန် ၂၁ ဇွန်

 

ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် အဖွဲ့သည် တီးတိန်မြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသည့် (၂)နှစ်အောက်ကလေးများအား ကိုဗစ်-၁၉ ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ကြေးနှင့် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများသို့ ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တီးတိန်မြို့ အစိုးရမူလတန်းကြိုကျောင်း၌ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ရှေးဦးစွာ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားပြီး တီးတိန်မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (၂၉) ကျောင်းအတွက် တစ်ကျောင်းလျှင် ကျပ် ၁၀၆၀ဝ၀ဝ ကျပ်နှုန်းဖြင့် စုစုပေါင်း ၃၀၇၄၀ဝ၀ဝ ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသည့် (၂)နှစ်အောက် ကလေးများအတွက် ထောက်ပံ့ကြေးများကို လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့ကလည်းကောင်း ပေးအပ်ကြသည်။

 

ဆက်လက်၍ လူမှုရေးဝန်ကြီးနှင့် အဖွဲ့သည် တီးတိန်မြို့ပေါ်ရပ်ကွက်ရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထပ်ဆောင်းထောက်ပံ့ကြေးများကို အိမ်တိုင်ရာရောက်ပေးအပ်သည်။

 

ထိုသို့ပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား လူမှုရေးပင်စင် (၁၉၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၃၁၃၁)ဦးနှင့် ၎င်းတို့မှ မွေးဖွားသည့်ကလေး (၂၅၆၆)ဦး၊ တစ်ဦးလျှင် ထပ်ဆောင်းထောက်ပံ့ငွေ ကျပ် ၃၀ဝ၀ဝ စီ ပေးအပ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)