တီးတိန် ၂၈ ဇန်နဝါရီ
ချင်းပြည်နယ် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တည်ဆောက်လျက်ရှိသည့် စံကိုက်ညီ မူလတန်းကျောင်းစာသင်ဆောင် ဆောက်လုပ်မှု လုပ်ငန်းအားလုံးပြီးစီးနေပြီ ဖြစ်သဖြင့် ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်းဆောင်သည် (၁၆၈×၁၈၄) ပေ RCC နှစ်ထပ်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁ဝ၁ ဒသမ ၄၇၃ သန်းဖြင့် သူရလင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အထက(၁) ကျောင်းအုပ် ဆရာကြီး ဦးအင်းခန့်မုန် ထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)
