တီးတိန် ၂၆ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ချင်းပြည်နယ်၊တီးတိန်မြို့နယ်စိုက် ပျိုးရေးဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ပျိုးထောင်ထားသည့် အာရဗီကာ ကော်ဖီပျိုးပင်များ ယနေ့တွင် တောင်သူများထံသို့ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
"ကော်ဖီမျိုးစေ့များကို ပြင်ဦးလွင်မှတစ်ဆင့်မှာပြီး ကျွန်တော်တို့ စိုက်ပျိုးရေးရုံးပျိုးခင်းမှာ ပျိုးထောင် ထားပါတယ်၊ ယခုမိုးရာသီမှာစိုက်ပျိုးဖို့ တောင်သူများထံသို့ အခမဲ့ဖြန်းဖြူးပေးပါတယ်၊ ယနေ့တွင် ပျိုးပင် ၃၀ဝ၀ ဖြန်းဖြူးပါတယ်၊ ဆက်လက်၍ ပျိုးပင်နှစ်သောင်းခန့် ဖြန့်ဖြူးပေးရန် ရှိပါတယ်"ဟု တီးတိန်မြို့နယ် စိုက်ပျိုးရေးရုံးမှ ဒုတိယဦးစီးမှူး ဦးဇွန်းနေးထန်က ပြောသည်။
တီးတိန်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကော်ဖီစိုက်တောင်သူများသာရှိ၍ စီးပွားဖြစ်အတွက် စိုက်ပျိုးသူ နည်းနေသေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


