တီးတိန်    ၁    မေ     

 

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် တီးတိန်မြို့နယ် ပညာရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ဆရာ၊ဆရာမများအားလုံး ပူးပေါင်းပါဝင်မှုဖြင့် အလှူငွေ ကျပ် ၃၅၅၆၀ဝ၀ ကို မြို့နယ်ပညာရေးဝန်ထမ်းများ ကိုယ်စား မြို့နယ်ပညာရေးမှူး ဦးဂင့်ထွန်ုပေါင်နှင့် တာဝန်ရှိသူတို့က မေ ၁ ရက်နေ့ နံနက်ပိုင်းက တီးတိန်မြို့နယ် ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်ထံသို့ သွားရောက် ပေးအပ်ပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို မြို့နယ် ဆေးရုံအုပ်မှ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)