တီးတိန် ၂၉ ဧပြီ
ချင်းပြည်နယ်၊ တီးတိန်မြို့၌ Corona Virus Disease 2019(ကိုဗစ်-၁၉) ရောဂါ ပထမလူနာ(Case-1)အား ကျန်းမာရေး အခြေအနေ ကောင်းမွန်သဖြင့် ဧပြီ ၃၀ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာ(Case-1)သည် ရောဂါပိုး ရှိမရှိ စစ်ဆေးရာတွင် Negative နှစ်ကြိမ်ဆက်တိုက်ပြထားပြီး ဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီး Home Quarantine (၁၄)ရက် ဆက်လက်ပြုလုပ်ရန် ယနေ့ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တီးတိန်မြို့နယ် ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင် ထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)