တီးတိန် ၂၄ ဇန်နဝါရီ    


ချင်းပြည်နယ် တီးတိန်မြို့တွင် လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေး အဖွဲ့ချုပ် မြို့နယ်ရုံးဖွင့်ပွဲကို တီးတိန်မြို့ မြို့မရပ်ကွက် မ/၁၆၁တွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

 
ရှေးဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ချုပ်၊ ဗဟို CEC ဒုဥက္ကဋ္ဌဒေါက်တာ ဦးစိန်အောင်မင်းနှင့် တီးတိန်မြို့နယ်ဥက္ကဋ္ဌ ဦးထန်ဒိုးလျန်းတို့က ရုံးဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 


ဆက်လက်၍ CEC ဒုဥက္ကဋ္ဌဒေါက်တာ ဦးစိန်အောင်မင်း၊  CEC အဖွဲ့ဝင် ဦးဟောက်ဇနန်နှင့် ကလေးမြို့နယ် ဥက္ကဋ္ဌ ဦးသန်းထွန်း တို့က အဖွဲ့ချုပ်၏ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံများ ဆွေးနွေးကြကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်