တီးတိန် ၂၀ ဧပြီ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြေညာစာ အမှတ်၁/၂၀၂၀ အားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ နိုင်စေရန်အတွက် ယမန်နေ့က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အမိန့်ထုတ်ပြန်ချက်တွင် "စိုးရိမ်ဖွယ်ရာကိစ္စမှအပ" ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းများ မပြုရန်၊ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ထုတ်ပြန်ခြင်း ဖြစ်သဖြင့် ပြည်သူများအနေဖြင့် တိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


