တီးတိန်    ၁၇  နိုဝင်ဘာ     

 

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာန၊ နေပြည်တော်၏ ကြီးမှူးပြုလုပ်သည့် Physical Fitness Dance မြို့နယ်အလိုက် တစ်ဦးချင်း ပြိုင်ပွဲကို အွန်လိုင်းမှ  ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်ရောက်မည့်သူများ နိုဝင်ဘာ ၁၆ ရက်နေ့ မှ စတင်၍ လေ့ကျင့်နေကြကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲသည် နိုဝင်ဘာ ၂၀ ရက်နောက်ဆုံးထား၍ ပြိုင်ပွဲဝင်ရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အားကစားနှင့် ကာယပညာဦးစီးဌာနရုံးစိုက်ရာမြို့ များမှ မဖြစ်မနေ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ကကွက်မှာ နေပြည်တော်မှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်အတိုင်း ယှဉ်ပြိုင်ကြရန်ဖြစ်ကြောင်း၊ တီးတိန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)