တီးတိန် ၁၄ အောက်တိုဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်/ဆရာမများ၊ ဝန်ထမ်းများနှင့် ဆေးကုသမှုခံယူသည့် အတွင်းလူနာများအတွက် စားသောက်စရာများကို ခလရ (၂၆၉)တပ်ရင်းဌာနမှ ယနေ့နံနက် ၁၀ နာရီခွဲက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ကြက်ဥ အလုံး ၁၅၀ ၊နို့ဆီ ၁၅ ဗူး၊ မာမီးခေါက်ဆွဲခြောက် ၃ ဖာ၊ ရွှေဖီဦး လက်ဖက်ရည် ၂ ထုပ်နှင့် ကုလားပဲ ၅ပိဿာများကို ခလရ(၂၆၉) တပ်ရင်း မှ ဌာနချုပ် တပ်ခွဲမှူး၊ ဗိုလ်မှူးအေးမင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


