တီးတိန်   ၂၉  ဧပြီ  

 

ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးတွင် အသုံးပြုရန် နိုင်ငံတော်နှင့် စေတနာရှင်ပြည်သူများက ဆေးနှင့် အထောက်အကူပြုပစ္စည်းများ ပေးပို့ထောက်ပံ့ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ပေးပို့လှူဒါန်းရာတွင် ဟားခါးတပ်နယ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအဖွဲ့သည် တပ်မတော်က ပေးပို့လှူဒါန်းသည့် KN-95 နှာခေါင်းစည်းအခု ၂၀ဝ နှင့် ဒီဇင်ဆီ ဂါလန် ၁၀ဝ ကို ယမန်နေ့က သွားရောက်လှူဒါန်း ကြောင်းသိရသည်။

 

မတ်လ ၂၃ ရက်မှ ယနေ့အထိ ဆေးနှင့်အထောက်အကူပြုပစ္စည်းများ လက်ခံရရှိမှုမှာ နိုင်ငံတော် အစိုးရနှင့် အလှူရှင်(၈၈)ဦးထံမှ ဆေး ၄၈ မျိုးနှင့် အထောက်အကူပြုပစ္စည်း ၅၆ မျိုး လက်ခံရရှိပြီး ဖြစ်ကြောင်း ပြည်သူ့ဆေးရုံ တာဝန်ရှိသူများထံမှ သိရသည်။

 

ဒိုင်းဒိမ့်(ပြန်/ဆက်)