တီးတိန် ၂ ဇန်နဝါရီ

 

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ပန်းချီ၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ချင်းပြည်နယ် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ပြုလုပ်သည်။

 

စာစီစာကုံးပြိုင်ပွဲတွင် ထက်၊ လယ်အဆင့်၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်၊ ပိုက်ကျော်ခြင်းတွင် အထက်တန်းအဆင့်၊ ပြေးခုံပစ်ပြိုင်ပွဲတွင် သံလုံးပစ်(ကျား၊မ) သံပြားပစ်(ကျား၊မ)၊ လှံတံပြစ်(ကျား၊မ)၊ လွန်ဆွဲ(ကျား၊မ)၊ မီတာ(၁၀၀)(ကျား၊မ) အပြေးပြိုင်ပွဲများ ပြုလုပ်ကြောင်း၊ ဆုရရှိသူများကို ဇန်နဝါရီလ ၃ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်