တီးတိန် ၄ မတ်
ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖလား အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေပိုင်းက ကမ်ဟောက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲတွင် Anlangh FC အသင်းနှင့် Mualbem FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Anlangh FC အသင်းက ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကျင်းပရာ ရှေးဦးစွာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂင့်ကမ်းလျန်း၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင့်ခိုင်တို့က အမှာစကားပြောကြားသည်။
ထို့နောက် အသက်အကြီးဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုနှင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ ရရှိသည့် အသင်းများအား တံခွန်စိုက် ဆုဖလား၊ လည်ဆွဲပြားနှင့် ငွေသားဆုများကို တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဘောလုံးဝါသနာရှင် ၂၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ Anlangh FC က ပထမ၊ Mualbem FC က ဒုတိယ၊ Sakollam FC က တတိယနှင့် Gawsing FC က စတုတ္ထရရှိကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


