နေပြည်တော် ဇန်နဝါရီ ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ၂၈ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြားရေး ဆေးရုံလုပ်ငန်းနှင့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းအတွက် သင်ရိုး ညွှန်းတမ်းများ၊ သင်ကြားမှု အထောက်အကူပစ္စည်းများ စီမံဆောင်ရွက်ထားရှိမှု၊ စာသင်ခန်း၊ အိပ်ခန်းနှင့် ထမင်းစားဆောင်များ ပြင်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
မွေးမြူရေးကဏ္ဍအတွက် ကျွမ်းကျင်သော လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ(၁)နှစ် သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ရာ အဆိုပါသင်တန်း အောင်မြင်ပြီးမြောက်ပါက တိရစ္ဆာန်ဆေးကု ဒီပလိုမာ(Dip.V.Sc) ဘွဲ့ကို ပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း၊ သိပ္ပံဘွဲ့ရရှိထားသူ ဌာနတွင်းမှ သင်တန်းသား (၂၀) နှင့် သိပ္ပံဘွဲ့ရရှိထား သူ ပြင်ပသင်တန်းသား(၄၀)တို့ တက်ရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန် ဆေးဝါး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲ၊ တိရစ္ဆာန်ကာကွယ်ဆေး ထုတ်လုပ် ရေးဌာနစု၊ ဘက်တီးရီးယားဌာနစိတ်၏ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုလုပ်ငန်းများ၊ ရောဂါထိန်းချုပ်နိုင်မှုအခြေအနေနှင့် သုတေသနဆိုင်ရာ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး တွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခိုင်းကျွဲ ခိုင်းနွား မျိုးကောင်းများ ထုတ်လုပ်မွေးမြူထိန်းသိမ်းရန်၊ တိရစ္ဆာန်ကောင်ရေ အရင်းအမြစ်များ မပြုန်းတီး စေရေးနှင့် တိုးပွားရေး အတွက် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးရိုးဗီဇရှိ တိရစ္ဆာန် များ ဖော်ထုတ်ထိန်းသိမ်းရန်၊ ကျေးလက်ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်း များအထိ အားပေးမြှင့်တင်ဆောင်ရွက်ရန်၊ တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များ ကို ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် သာကေတ စက်မှုဇုန်ရှိ မြန်မာရွှေဇာမဏီ ကုမ္ပဏီလီမိတက်၏ ငါးမုတ်၊ ငါးတံခွန်၊ ငါးသင်းဝါ၊ ငါးရွှေ၊ ငါးခွေးရှာနှင့် ငါးခေါင်းပွငါးများ အေးခဲထုတ်လုပ်မှုနှင့် ပြည်ပသို့ တင်ပို့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာ စျေးကွက်တွင် အကောင်းဆုံးထုတ်ကုန်များ တင်ပို့နိုင်ရန် သတ်မှတ် စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ သင်တန်းပေး လေ့ကျင့်၍ ကျွမ်းကျင် စက်ရုံလုပ်သားများ ပျိုးထောင်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)