နေပြည်တော် မေ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းတိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲမှ တိရစ္ဆာန်ကူးစက်ရောဂါကာ ကွယ်ဆေးထုတ်လုပ်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ သုတေသနလုပ် ငန်းများဆောင်ရွက်နေမှုနှင့် ကျွဲနွားကူးစက်ရောဂါကာကွယ်ဆေး(၅)မျိုး၊ ဝက်ရောဂါကာကွယ် ဆေး(၂)မျိုး၊ ကြက်ရောဂါကာကွယ်ဆေး(၁)မျိုးနှင့် ဆင်ရောဂါကာကွယ်ဆေး(၁)မျိုး ထုတ်လုပ် နေမှုကိုကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများနှင့် တိရစ္ဆာန် အစာနှင့် ဆေးဝါးအရည်အသွေးစစ်ဆေးရေးဌာနစုများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယူနစ်များအလိုက် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက တိရစ္ဆာန်ကူးစက်ရောဂါများ စူးစမ်းရှာ ဖွေခြင်း၊ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများကိုစစ်ဆေးပြီး ကျန်းမာရေးထောက်ခံချက် လက်မှတ်များထုတ်ပေးခြင်း၊ ရောဂါတုံ့ပြန်နိုင်မှု (Antibodies Titer) တိုင်းတာခြင်း၊ ကွင်းဆင်း နမူနာကောက်ယူခြင်းစသည့် လုပ်ငန်းအဆင့်တိုင်းတွင် သတ်မှတ်စံနှုန်းများနှင့်အညီဖြစ်စေ ရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် တိရစ္ဆာန်များမှကူး စက်တတ်သောရောဂါများ မပြန့် ပွားစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး မှာကြားသည်။
ထို့အတူ ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် ပေါင်းငူပျားလုပ်ငန်းဌာန၏ ဆောင် ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူများက ပျားရည်တွင်ပါဝင်သည့် သကြားဓာတ်ပါဝင်မှုစစ်ဆေး၍ မွေးမြူရေး ပျားရည်ဖြစ်ကြောင်း ထောက်ခံချက်ပေးခြင်း၊ အမျိုးသားဓာတ်ကြွင်းအဆင့် စောင့်ကြည့်ရေး အစီအစဉ်(NRMP)အတွက် နမူနာပျားရည်များ ကောက်ယူခြင်း၊ မျိုးကောင်းမျိုးသန့် ပျားဘုရင်မများကို သဘာဝနည်းဖြင့်မွေးမြူခြင်းနှင့် မေထုန်မဲ့သားစပ်ခြင်း ဆောင်ရွက်ဆောင်ရွက်နေမှု များကိုရှင်း လင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ပျားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိက လုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုရှိ မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)သို့ရောက်ရှိရာ တာဝန်ရှိ သူများက မျိုးသန့်နွားသိုးငယ်များ ပြုစုပျိုးထောင်ခြင်း၊ မျိုးရည်ခဲချောင်းထုတ်လုပ်ခြင်း၊ သို လှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နိုက်ထရိုဂျင်ဓာတ်ငွေ့ရည် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ နွားမေထုန်မဲ့သားစပ်ကျွမ်းကျင်သူ သင်တန်းများဖွင့်လှစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်