ရန်ကုန်  ၁၄  အောက်တိုဘာ

 

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှိ ကျားရုံဟောင်းတွင် အပြာရောင် ကမ္ဗည်းပြား Blue Plaque တပ်ဆင်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၈ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

 

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို ကွယ်လွန်သူ ဝိတိုရိယဘုရင်မကြီးအား ရည်စူးပြီး ဝေလမင်းသားနှင့် ကြင်ယာတော်တို့က ဝိတိုရိယပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ်အဖြစ် ၁၉၀၆ ခုနှစ်တွင် တရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

 

 

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သည် အရှေ့တောင် အာရှတွင် သက်တမ်းရင့်ဆုံး တိရစ္ဆာန်ရုံများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး ယခုအခါတွင် ဥယျာဉ်အတွင်းမှ မူလလက်ရာအတိုင်း ကျန်ရှိသည့် ကျားရုံဟောင်း သို့မဟုတ် Carnivora House ကို အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်း ဖြစ်သည်။

 

အခမ်းအနားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် Philips Electronics တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

 

MDN