၁၇ ဒီဇင်ဘာ
တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက် အမြင့်ဆုံးအထိ မြင့်တက်လာကြောင်း တိုကျိုအစိုးရက ပြောကြားသည်။
တိုကျိုရောဂါကူးစက်မှုဆိုင်ရာ အကြံပေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ယနေ့ပြုလုပ်သော အစည်းအဝေးတွင် တိုကျို၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည် ဘေးကျပ်နံကျပ် ဖြစ်နေသည်ဟု ဆိုသည်။
အဆိုပါ အဖွဲ့က မြို့တော်၏ ကျန်းမာရေး စောင့်ရှောက်မှု သတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။
တိုကျိုမြို့ရှိ ရောဂါကူးစက်မှု သတိပေးချက်သည် အမြင့်ဆုံးအဆင့်တွင် ရောက်ရှိနှင့်ပြီးသားဖြစ်သော်လည်း ဇူလိုင်နောက်ပိုင်း သီတင်းပတ်၂၃ ပတ်ဆက်တိုက် ဒုတိယ အမြင့်ဆုံး အဆင့်တွင် ရှိနေခဲ့သည်။
ဆေးရုံများတွင် အတွင်းလူနာ အရေအတွက် ပိုမိုများပြားလာသဖြင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ခက်ခဲလာသဖြင့် ထိုအဖွဲ့က ယခုလိုဆုံးဖြတ်ချက်ချခဲ့ရခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ယမန်နေ့က တိုကျိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
