၂၁ သြဂုတ်


ပွဲစီစဉ်သူများက ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် တိုကျိုမသန်စွမ်းအားကစားပြိုင်ပွဲ လက်မှတ်များအတွက် အွန်လိုင်းလျှောက်လွှာများကို  သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်လက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။


မသန်စွမ်းအားကစားပြိုင်ပွဲ လက်မှတ်များအတွက် ထိုတရားဝင်ဝက်ဘ်ဆိုက်မှ ကြာသပတေးနေ့ အစောပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။ ထိုလက်မှတ်များကို ထီစနစ်မှတစ်ဆင့် ရောင်းချသွားမည်ဖြစ်သည်။


အိုလံပစ်အားကစားပွဲများအတွက် လက်မှတ်ဝယ်ယူရန် လည်းလိုအပ်သည့် တိုကျို ၂၀၂၀ သက်သေခံကတ်ပြားတစ်ခုရရှိရန် လျှောက်ထားသူများသည် မှတ်ပုံတင်ရမည်ဖြစ်သည်။သြဂုတ်လ ၁ ရက်နေ့က လူပေါင်း ခုနစ် ဒဿမ ခြောက်သန်းခန့် မှတ်ပုံတင်ခဲ့ကြသည်။


လက်မှတ် လျှောက်ထားသူ တစ်ဦးချင်းစီ၏ အများဆုံးဝယ်ယူနိုင်သောလက်မှတ်မှာ စောင်ရေ ၃၀ သာဖြစ်မည်ဟု သိရသည်။


လျှောက်လွှာများကို စက်တင်ဘာလ ၉ ရက်နေ့အထိ လက်ခံမည်ဖြစ်ပြီး ထိုရလဒ်များကို အောက်တိုဘာလ ၂ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။


အဆိုပါ အားကစားပြိုင်ပွဲ စီစဉ်ရေး ကော်မတီ က မသန်စွမ်းအားကစားပြိုင်ပွဲအတွက် ထိုတရားဝင် လက်မှတ်ရောင်းဝက်ဘ်ဆိုက်သည် အိုလံပစ်အားကစားပွဲအတွက် လက်မှတ်နှင့် မတူသဖြင့် ဂရုစိုက်ကြရန် လျှောက်ထားသူများကို တိုက်တွန်းပြောကြားထားသည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို