၅ ဇွန်

 

အားကစားပွဲများ ရွေ့ဆိုင်းခြင်းနှင့် ဆက်စပ်သည့် ကုန်ကျစရိတ်များ လျော့ချရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ် countdown ကျင်းပမှုပယ်ဖျက်ရန် တိုကျိုအိုလံပစ်ပွဲတော်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲ၏ ကျင်းပရေးကော်မတီက  စီစဉ်ထားသည်။

 

အားကစားပြိုင်ပွဲ နှင့်ပတ်သက်ပြီး သိသာထင်ရှားသည့်  အစီအစဉ်အသစ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အားကစားကော်မတီ ဉက္ကဌ မိုရီ ယိုရှီယိုနှင့် တိုကျိုအုပ်ချုပ်ရေးမှူး ယိုကီ ယူရီကိုတို့က ဇွန်လ ၄ ရက်နေ့ အတွင်းက ပြုလုပ်သည့် အစည်းအဝေးပွဲတွင် အတည်ပြုပြောကြားခဲ့သည်။

 

ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်မှာ ရှိနေဆဲပဲဖြစ်တာကြောင့် နှစ်သစ်ကြိုဆိုပွဲကို မကျင်းပနိုင်ခြင်းဖြစ်ကြောင်း အားကစားကော်မတီ၏ သတင်းရင်းမြစ်များအရ သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တိုကျိုအိုလံပစ်ပွဲတော်နှင့် မသန်စွမ်း အားကစားပွဲတော် ကျင်းပမည့် အစီအစဉ်ကို နောက်နှစ်သို့ ရွေ့ဆိုင်းလိုက်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

1