တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ စတင်ကျင်းပ

တိုကျို ဇူလိုင် ၂၅

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ရွှေ့ဆိုင်းထားသည့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ စတင်ကျင်းပသည်။

ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ အားကစားပြိုင်ပွဲများကို ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီကျင်းပလျက်ရှိပြီး နိုင်ငံပေါင်း ၂၀၀ မှ အားကစားသမား ၁၁၀၀၀ ကျော်က အားကစားပြိုင်ပွဲအမျိုးအစား ၃၃ ခုကို ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ဇူလိုင် ၂၃ ရက်ညနေပိုင်းတွင် ကျင်းပကြောင်း သိရသည်။ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်သည့်အနေဖြင့်တက်ရောက်သူအားကစားသမားများနှင့် ကိုယ်စားလှယ် များကိုလည်း အရေအတွက် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ပြု သည်။

ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့် အားကစားသမားများက နှာခေါင်းစည်းများ ဝတ်ဆင်ထားကာ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှနေပြီး ချီတက်လမ်းလျှောက်ကြသည်။ ကျား၊ မ တန်းတူညီမျှမှုရှိကြောင်း ပြသသည့်အနေဖြင့် ပြိုင်ပွဲဝင် အားကစားအသင်းအားလုံးမှ အမျိုးသား အားကစားသမားတစ်ဦးစီနှင့် အမျိုးသမီးအားကစား သမားတစ်ဦးစီက၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံတော် ကိုယ်စားပြုအလံကို ကိုင်ဆောင်ကြသည်။ အားကစားပြိုင်ပွဲများကို ဩဂုတ် ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်