၂၄ ဇူလိုင်
၂၀၂၀ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲ မစတင်မီ တစ်နှစ် စတင်ရေတွက်သည့် ယနေ့တွင် ပွဲစဉ် အစီအစဉ်နှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။
၁၉၆၄ ခုနှစ်ကတည်းက ပထမ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပခဲ့ရာ လာမည့်နှစ် ဇူလိုင် ၂၄ ရက်နေ့မှ သြဂုတ် ၉ ရက်နေ့ထိ ကျင်းပမည့် ဂျပန်အိုလံပစ်ပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများကို ကြိုဆိုပါကြောင်း ဖော်ပြထားသည်။
၁၇ ရက်ကြာကျင်းပမည့် ထိုအိုလံပစ်ပွဲတွင် အားကစားနည်း ၃၃ မျိုး၊ ပွဲစဉ် ၃၃၉ ခုရှိရာ ထောင်ချီရှိသော အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဂျပန်အိုလံပစ်အားကစားပြိုင်ပွဲတွင် လက်ရွေးစင်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
သြဂုတ်လတွင် ကမ္ဘာ့ချန်ပီယံပွဲ ဖြစ်သည့် ရွက်လှေစီးနှင့် တောင်တက် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။
အိုလံပစ် အမျိုးသား၊ အမျိုးသမီး အားကစားပြိုင်ပွဲများအတွက် အားကစားသမားနှစ်ဦးစီ ရွေးချယ်ရန် မာရသွန်ချန်ပီယံပွဲ( MGC) ကို ကျင်းပမည်ဖြစ်သည်။
အိုလံပစ်အားကစားပွဲ ကျင်းပရာနေရာ ၄၂ နေရာ နှင့် အိုလံပစ်အားကစားရွာများတွင် ဆောက်လုပ်ရေးလုပ်ငန်း အမြန်လုပ်ဆောင်နေကြောင်း သိရသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို