တိုကျိုအိုလံပစ်ပွဲလက်မှတ်များ စတင်ရောင်းချ

၂၀ ဇွန် 

 

ဂျပန်နိုင်ငံတွင် ကျင်းပမည့် လာမည့်နှစ် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲစီစဉ်သူများက အိုလံပစ်ပွဲလက်မှတ်များကို ယနေ့ ရောင်းချသည်ဟု သိရသည်။

 

1

 

အိုလံပစ်ပွဲ ကျင်းပရေးကော်မတီက အိုလံပစ်ပွဲလက်မှတ်ဆိုင်ရာ ဝက်ဘ်ဆိုက်တွင် သက်သေခံကတ်ပြားဖြင့် ဝင်ရောက်မှတ်ပုံတင် စာရင်းသွင်းနိုင်ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

 

အိုလံပစ်ပွဲစဉ် တစ်ခုစီအတွက် လက်မှတ်များ တန်ဖိုးမည်မျှပေးချေရမည်ကို ထိုဝက်ဘ်ဆိုက်တွင်  ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ပွဲလက်မှတ်ဝယ်ယူသူများထံသို့ အီးလ်မေးဖြင့် အကြောင်းကြားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

လာမည့် ဇူလိုင်လ ၂ ရက်နေ့ ဂျပန်စံတော်ချိန် ၁၁ နာရီ ၅၉ မိနစ်တွင် ပွဲလက်မှတ်များကို ဝယ်ယူနိုင်ပြီး လက်မှတ်ရောင်းမည့် ကန့်သတ်ထားသော ကာလ ကုန်ဆုံးချိန်နောက်ပိုင်း ရောက်ရှိလာသော စာရင်းများကို လက်ခံမည်မဟုတ်ဟု သိရသည်။

 

2

 

အိုလံပစ်ပွဲလက်မှတ်စောင်ရေပေါင်း ခုနှစ်ဒသမ ရှစ်သန်းခန့် ရှိသည်။ အိုလံပစ် ပွဲစီစဉ်ရေး ကော်မတီသည် လက်မှတ်စောင်ရေ မည်မျှ ရောင်းချရသည်၊ မည်မျှတောင်းဆိုထားသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ပွဲလက်မှတ်ဝယ်ယူရန် မှတ်ပုံတင် စာရင်းသွင်းသူများမှာ ခုနှစ် ဒသမ ငါးသန်းကျော် ရှိပြီ ဖြစ်သည်။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို