ဇွန် ၁၈
ဂျပန်နိုင်ငံအစိုးရက ဒေသအများစုတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ချမှတ်ထားမှု အဆုံးသတ်ပြီး အရေးပါသော ကန့်သတ်ချက်များကို ပြန်လည်အစားထိုးချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။
အစိုးရက စီရင်စု ၁၀ ခုအနက် ကိုးခုတို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကြေညာချက်ကို လာမည့်တနင်္ဂနွေနေ့၌ အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုစီရင်စုကိုးခုအနက် ခုနစ်ခုတွင် ဇူလိုင် ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပါသောအဆင့်များပါသော တင်းကျပ်သည့် ကန့်သတ်ချက်များ ပါရှိမည်ဖြစ်သည်။
ဝန်ကြီးချုပ် ဆူဂါက နိုင်ငံတစ်ဝန်းတွင် ဆေးဘက်ဆိုင်ရာ နည်းစနစ်တိုးတက်လာပြီး ရောဂါကူးစက်မှု လျော့ကျလာကြောင်း ပြောကြားသည်။ သို့ရာတွင် ရောဂါကူးစက်ဖြစ်ပွားမှု ကျဆင်းနှေးကွေးလာပြီး ဗီဇပြောင်းကူးစက်မှု ပိုမိုမြန်ဆန်နိုင်သည်ဟု ၎င်းကဆိုသည်။
အချို့သော အစိုးတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက တိုကျိုမြို့ကို အနှေးနှင့်အမြန် အခြားသော အရေးပေါ် အခြေအနေကြေညာနိုင်သည်ဟု သတိပေးပြောကြားသည်။
တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက်တွင် ကျင်းပမည် ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို