၂၈ ဧပြီ

 

ဂျပန်နိုင်ငံက ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်ကို ၂၀၂၁ ဇူလိုင်လမှ ကျင်းပဖို့ ရက်ရွှေ့ဆိုင်းထားပေမယ့် လာမည့်နှစ်မှာ ကပ်ရောဂါကြီး မပြီးဆုံးတိုင် မထိန်းချုပ်နိုင်ခဲ့ရင် တိုကျို ၂၀၂၀ အိုလံပစ်ပွဲတော်ကို ပယ်ဖျက်သွားမယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဉက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

 

ကပ်ရောဂါကြောင့် အိုလံပစ်ပြိုင်ပွဲကို  တစ်နှစ်တိတိ ဇူလိုင် ၂၃ ရက် ၂၀၂၁ ခုနှစ်အထိ နောက်ဆုတ်လိုက်ပေမယ့် ကပ်ရောဂါဟာ နောက်နှစ်မှာ လုံးဝပြီးဆုံးသွားဖို့ဆိုတာ ဆေးပညာရှင်တွေက  သံသယဖြစ်နေပါတယ်။

 

တိုကျိုအိုလံပစ်ကျင်းပရေးဉက္ကဋ္ဌ ယိုရှီရိုမိုရီ က အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် အားကစားပွဲကို ပယ်ဖျက်လိုက်ဖို့ဘဲ ရှိတယ်လို့ နီကန် အားကစားသတင်းဌာနက ကပ်ရောဂါရဲ့ နောက်နှစ်အထိ ခြိမ်းခြောက်နေရင် အိုလံပစ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်ထိ ရွှေ့ဆိုင်းလို့ ရမလားဆိုတဲ့ မေးခွန်းကို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

 

မိုရီက လူသားတွေက လုပ်နိုင်စွမ်းရှိပါတယ်။ ဗိုင်းရပ်စ်ပိုးကို အပြီးတိုင် ထိန်းချုပ်နိုင်ရင် နောက်နှစ်နွေရာသီမှာ အိုလံပစ်ပွဲတော်ကို အေးအေးဆေးဆေး ကျင်းပမယ်လို့ ဆက်ပြောပါတယ်။

 

တိုကျိုအိုလံပစ်ရဲ့ ပြောခွင့်ရသူ မာဆာတကာယာကတော့ မိုရီရဲ့ ပြောကြားချက်ဟာ ဉက္ကဋ္ဌရဲ့ တစ်ဦးတစ်ယောက်အမြင်သာဖြစ်တယ်။ ပွဲတော်ဖျက်သိမ်းရေး ဖြစ်နိုင်သလားဆိုတာနဲ့ ပတ်သတ်တဲ့ မေးခွန်းကိုတော့ ဖြေကြားခြင်းမရှိပါဘူး။

 

MDN
ကိုးကား - AFP