ရန်ကုန်   ဇူလိုင်   ၁၅

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားသုံးဦးသည် ပြိုင်ပွဲ အမျိုးအစားတစ်မျိုးစီ ယှဉ်ပြိုင်မည်ဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၃၃ မျိုး ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အိုလံပစ်ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအောင်မြင်သည့် ကြက်တောင်အားကစားနည်း၊ Wild Card အစီအစဉ်အရ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် သေနတ်ပစ်နှင့် ဂျူဒိုအားကစားနည်း သုံးမျိုး တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်း - ကိုညီလေး