တိုကျို ဖေဖော်ဝါရီ ၂၁
ကိုဗစ်-၁၉ လူနာများကို ကုသနေရသည့် ဆေးရုံတွင်ယခုနှစ်အတွင်း ဆေးရုံတက်ရသည့် ကိုယ်ဝန်ဆောင် လူနာအရေအတွက် များပြားလာမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။
တိုကျို၌ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၁၄၁ ဦးမှာ ဇန်နဝါရီလအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရကာ ဆေးရုံတက်ရသည်ဟု ဂျပန်သားဖွားမီးယပ်အထူးကု ဆရာဝန်များအသင်းက ပြောသည်။ တိုကျိုမြို့ အိုတာရပ်ကွက်ရှိ ဆေးရုံတွင်လည်း ပြီးခဲ့သည့်နှစ်အတွင်း ကိုဗစ်-၁၉ ကူစက်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၇ ဦးကို လက်ခံကုသပေးခဲ့ရပြီး ယခုနှစ်အတွင်းမူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၆ ဦးကို ကုသပေးခဲ့ရကြောင်း သိရသည်။
အမျိုးသမီးအများစုမှာ ရောဂါလက္ခဏာမပြခြင်း သို့မဟုတ် အပျော့စားရောဂါလက္ခဏာများသာ ပြခြင်းတို့ ရှိသည်ဟု သိရသည်။ ဆေးရုံတွင် ပြင်ပလူနာလက်ခံမှုကို ကန့်သတ်ထားပြီး အရေးမကြီးသည့် ခွဲစိတ်မှုများကိုလည်း ရွှေ့ဆိုင်းထားသည်ဟု သိရသည်။
အီဘရာဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သူ အီကီဘကူရိုရှင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ခြောက်ဦးကို ဆေးရုံမှ လက်ခံကုသပေးရန်ရှိသော်လည်း လုံခြုံစိတ်ချရရေးအတွက် သုံးဦးကိုသာ လက်ခံပေးနိုင်ခဲ့သည်ဟု ပြောသည်။
အင်န်အိတ်ချ်ကေ