၂ ဇွန်

 

ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေကို ပြီးခဲ့သည့် သီတင်းပတ်က ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း တိုကျိုဒေသခံများ မြို့တော် ပြင်ပ ခရီးသွားလာမှု ပိုမိုများပြားလာသည်။

 

ရုံးဖွင့်ရက်များအတွင်း မြို့တော်အပြင်ဘက် ခရီးသွားလာသူအရေအတွက် ခြောက်ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရှိရသည်။

 

စနေနှင့်တနင်္ဂနွေနေ့များတွင် မြို့တော်ပြင်ပ ခရီးသွားလာသူအရေအတွက်မှာ ၁၃ ရာခိုင်နှုန်းအထိ နှစ်ဆတိုးလာသည်။

 

ချီဇူအိုကာနှင့်အီဘရာကီ စီရင်စုများကဲ့သို့သော အနီးနားရှိ စီရင်စုများသို့ သွားရောက်သည့် တိုကျိုခရီးသွားအရေအတွက်သည် ပြီးခဲ့သည့် သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။

 

ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ကျိုတိုနှင့်နာရာတို့တွင်လည်း ၁၅ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်။

 

တိုကျိုမြို့ရှိ အများပြည်သူများသည် အထူးသဖြင့် စနေ၊ တနင်္ဂနွေနေ့များတွင် အနီးနားရှိ ဒေသများနှင့် ရှုခင်းများရှိရာနေရာများသို့ ခရီးသွားခြင်းဖြင့် ၎င်းတို့၏ အားလပ်ချိန်ကို တဖြည်းဖြည်း ပျော်မွေ့လာသည်ဟု ကိန်းဂဏန်းဖော်ပြများအရ သိရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို