တိုကျို၊ မတ် ၆
ဂျပန်နိုင်ငံ တိုကျိုမြို့၌ မတ် ၅ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၇၀၅ ဦးတွေ့ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ကူးစက်ခံရသူပမာဏမှာ ပြီးခဲ့သည့်တစ်ပတ်ကထက် ၁၀၅ ဦး လျော့နည်းလာကြောင်း သိရသည်။ မြို့တော်တိုကျိုတွင် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ နှစ်ဦးရှိကာ နိုင်ငံတစ်ဝန်း မတ် ၅ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၈၇၃၁ ဦး ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၅၀ ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။၊
အင်န်အိတ်ချ်ကေ