ဖေဖော်ဝါရီ ၁၃
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၉၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။
အဆိုပါရောဂါကူးစက်မှုကျဆင်းလာသည်မှာ ၂၆ ရက်ဆက်တိုက်ရှိပြီဖြစ်သည်ဟု သိရသည်။
မြို့တော်တွင်ထိုရောဂါကူးစက်မှု ၁၀၀၀ အောက်ကျဆင်းလာသည်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၅ ဦး သေဆုံးပြီး ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် အသက်ရှု အထောက်အကူပြုကိရိယာ တပ်ဆင်ရသူ ၂၂ ဦးရှိသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ယင်းရောဂါကူးစက်ခံရသူဦးရေ ၁၃၇၄၀ ရှိပြီး ၎င်းရောဂါဖြင့်သေဆုံးသူ ၁၃၇ ဦးရှိကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို