၁၇ နိုဝင်ဘာ
တိုကျိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၂၉၈ မှု ရှိခဲ့ကြောင်း တိုကျိုမြို့တော် အစိုးရ အရာရှိများက အတည်ပြုပြောကြားခဲ့သည်။
ဩဂုတ်လအတွင်းက တစ်ရက်တာ ကူးစက်မှုပေါင်း ၃၀၉ မှု စံချိန်တင် ကူးစက်ခဲ့ပြီးနောက် ယခု ထုတ်ပြန်သည့် အချက်အလက်များအရ အင်္ဂါနေ့(ယနေ့) ကူးစက်မှုမှာ ဒုတိယမြောက် အများဆုံးဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ အတွင်းက စမ်းသပ်မှု အနည်းငယ်သာ ပြုလုပ်ခဲ့သဖြင့် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် အခြားရက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ကူးစက်မှု နည်းနေခြင်း ဖြစ်သည်။
တိုကျိုမြို့တွင် အပြုသဘောဆောင်သည့် ကိုရိုနာ ဗိုင်းရပ်စ် စမ်းသပ်မှုပေါင်း ၃၅၂၂၉ မှုကို စမ်းသပ်စစ်ဆေးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
