တိုကျို အောက်တိုဘာ ၂၈
တိုကျိုအနောက်ပိုင်း မာချီဒါမြို့၌ အောက်တိုဘာ ၂၇ ရက် ညပိုင်းက တာဝန်ထမ်းဆောင်နေသည့် လူနာတင်ယာဉ်တစ်စီး ခိုးယူခံရမှုဖြစ်ပွားခဲ့သည်။ လူနာတင်ယာဉ်ကို တိုက်ခန်းတွဲတစ်ခု၏ ယာဉ်ရပ်နားစခန်းတွင် အသင့်မောင်းရန် အနေအထားဖြင့် ရပ်တန့်ထားခဲ့ပြီး တာဝန်ရှိသူများက အရေးကြီးဖုန်းခေါ်ဆိုရာနေရာသို့ သွားရောက်နေစဉ် ယခုလို ခိုးယူခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တိုကျိုမီးသတ်ဌာနက ပြောကြားခဲ့သည်။
ကားပျောက်ပြီးမကြာမီ အောက်တိုဘာ ၂၇ ရက် ည ၈ နာရီခွဲခန့်တွင် တိုကျိုရဲစခန်းက အဆိုပါအမှု တိုင်ကြားချက်ကို လက်ခံရရှိခဲ့သည်။ အမှုဖွင့်တိုင်ကြားပြီး မိနစ် ၃၀ အကြာတွင် အဆိုပါယာဉ်ကို ပြန်လည်တွေ့ရှိခဲ့သည်။ အသက် ၅၀ ကျော်အရွယ် ကားခိုးယူခဲ့သူကို ရဲများက ဖမ်းဆီးခဲ့သည်။ မည်သည့်ထိခိုက်မှုတစ်စုံတစ်ရာမျှမရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


