တိုကျို ဖေဖော်ဝါရီ ၁

တိုကျိုမြို့၌ဖွင့်လှစ်ထားသော ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစင်တာမှ တစ်နေ့လျှင်လူ ၅၀၀၀ ကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးလျက်ရှိကြောင်း အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

ဇန်နဝါရီ ၃၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့သော အိုတီမာချီခရိုင် ကာကွယ်ဆေးထိုးစင်တာ၌ အစောပိုင်းက တစ်နေ့လျှင် ဒေသခံ ၇၂၀ သာ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခဲ့ရာမှ လက်ရှိအချိန်တွင် ၅၀၄၀ အထိ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ ။

မိမိနေထိုင်ရာချီဘာခရိုင်၌ ကာကွယ်ဆေး အပိုဆောင်းထိုးနှံရာတွင် မှတ်ပုံတင်စာရင်းသွင်းခြင်းကို လျင်မြန်စွာ မပြုလုပ်နိုင်သဖြင့် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့က ဖွင့်လှစ်သော ယခုစင်တာတွင် ကာကွယ်ဆေး အပိုဆောင်းထိုးနှံရန် စာရင်းသွင်းရခြင်းဖြစ်ကြောင်း အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အိုဆာကာရှိ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ ကာကွယ်ဆေးထိုးစင်တာ၌လည်း ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံနိုင်သည့် လူဦးရေအရေအတွက်ကို တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ