၁၆ ဒီဇင်ဘာ
တိုကျိုမြို့တွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ မပြင်းထန်သူများကို သီးသန့်ကုသရန် ဆောက်လုပ်ထားသော ဆေးရုံအသစ်တစ်လုံး ယနေ့တွင်ဖွင့်လှစ်ခဲ့သည်။
တိုကျိုအစိုးရသည် ဖူကူမြို့ရှိ ကျန်းမာရေး ကုသမှု ဆေးရုံအဟောင်းကို ပြုပြင်ခဲ့သည်။
ထိုဆေးရုံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများကို သီးသန့်ထားကုသရန် တိုကျိုအစိုးရက စီစဉ်ထားသော ပထမဆုံးသော ဆေးရုံဖြစ်သည်။
အထူးအကူအညီ လိုအပ်သော သက်ကြီးရွယ်အိုများနှင့် ဂျပန်စကား မပြောတတ်သော နိုင်ငံခြားသားများ ကဲ့သို့သော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများကို အခြားဆေးရုံများ လွယ်ကူစွာ ကုသမှု မပြုနိုင်ခြင်းကို ကိုင်တွယ်ကုသရန် ပြင်ဆင်ထားသည့် ဆေးရုံဖြစ်ကြောင်း တိုကျို တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ ဆေးရုံတွင် ကုတင် ၁၀၀ ဆံ့ဆေးရုံဖြစ်ပြီး ဆရာဝန် သုံးဦးနှင့် သူနာပြု ၄၈ ဦးတို့ တာဝန်ထမ်းဆောင်မည် ဖြစ်သည်။
ထိုဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေမည်မျှ ကုသပေးမည်ကို မသိရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းများသည် အခြားဆေးရုံများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသည်။
တာဝန်ရှိသူများက ၎င်းတို့ အနေဖြင့် နောင်တွင်လိုအပ်သော ဝန်ထမ်းများကို ငှားရမ်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ထိုဆေးရုံကို တိုးချဲ့လုပ်ဆောင်သွားမည်ဟုလည်း ၎င်းတို့က ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို