၂၄ ဩဂုတ်

 

ဂျပန်နိုင်ငံတိုကျိုမြို့တော်အစိုးရက တိုကျိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၅ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ဇူလိုင် ၈ ရက်နေ့နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုမှာ ဦးရေ ၁၀၀ အောက် ရှိခဲ့သည်။

တိုကျိုမြို့တော်တွင် ယခုအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၉၄၂၈ ဦး ရှိသည်။

 

တာဝန်ရှိသူများက တိုကျိုတွင် ကူးစက်မှုများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသဖြင့် ကြိုတင်ကာကွယ်မှုများအားလုံး လုပ်ဆောင်ကြရန် ဒေသခံများအား ပြောကြားထားသည်။

 

တိုကျိုမြို့တော် အပြင်ဘက်သို့ ခရီးထွက်ခြင်း သို့မဟုတ် မွေးရပ်မြေသို့ ပြန်ခြင်းတို့မှ ရှောင်ကြဉ်ရန် နှင့် အုပ်စုလိုက် ညစာစားပွဲများ မပြုလုပ်ရန် တာဝန်ရှိသူများက  ပြည်သူများကို ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို