၁၂ ဇွန်

 

မြို့တော်တိုကျို အစိုးရသည် တိုကျိုမြို့တော်၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်များကို ရုပ်သိမ်းလိုက်သည်။ ဖွင့်လှစ်ရန်နှင့် အပန်းဖြေဉယျာဉ်များနှင့် အနှိပ်ခန်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် ဘားဆိုင်များနှင့် စားသောက်ဆိုင်များကို ည ၁၂ နာရီအထိ အဆင့်သုံးဆင့်ဖြင့် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာသဖြင့် တိုကျိုမြို့တော်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်များကို ဇွန် ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

မကြာသေးမီရက်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ တိုးတက်ကောင်းမွန်လာပြီးနောက် ဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်များများကို ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

ကြာသပတေးနေ့က ထပ်မံကူးစက်ခံရသူ ၂၂ ဦး ရှိကြောင်း အတည်ပြုခဲ့သည်။ လွန်ခဲ့သော လေးရက်က နေ့စဉ် ကူးစက်သူ အရေအတွက်မှာ နေ့စဉ် အယောက် ၂၀ အောက်သာ ရှိသည်။

 

ဗဟိုအစိုးရသည် နိုင်ငံတစ်ဝန်း ရောဂါကူးစက်မှု အရေအတွက် လျော့နည်းလာသဖြင့် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကို ပြီးခဲ့သည့်လက ရုပ်သိမ်းခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို