တိုကျို၊ ဒီဇင်ဘာ ၂၂
တိုကျိုကျန်းမာရေးအာဏာပိုင်များသည် ကလေးသူငယ်များကြား ကူးစက်ဖြစ်ပွားလျက်ရှိသော ဗက်တီးရီးယား ကူးစက်ရောဂါ နှင့်ပတ်သက်ပြီး သတိပေးထားသည်။ ထို့ပြင် ကျန်းမာရေးအာဏာပိုင်များသည် ပြည်သူများကို လက်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းကဲ့သို့သော ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လုပ်ဆောင် ကြရန် တိုက်တွန်းထားသည်။
ကျန်းမာရေးအာဏာပိုင်များသည် ဒီဇင်ဘာ ၂၁ ရက်က လည်ချောင်းနာ ရောဂါအတွက် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ၁၉၉၉ ခုနှစ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဥပဒေ စတင်အသက်ဝင်ချိန်မှစကာ ပထမဆုံးအချိန်အဖြစ် သတိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရောဂါသည် ရုတ်တရက်ဖျားနာခြင်းနှင့် လည်ချောင်းနာခြင်းကို ဖြစ်စေသည်။ ရောဂါကူးစက်ဖြစ်ပွားပြီးနောက် ရက် အနည်းငယ်အကြာတွင် အဆိုပါ ရောဂါလက္ခဏာများ ဖြစ်ပွားမည်ဖြစ်သည်။
တနင်္ဂနွေနေ့အထိ ရက်သတ္တပတ်အတွင်း မြို့တော်တိုကျိုတွင် ရောဂါကူးစက်ဖြစ်ပွားမှု အရေအတွက် တိုးမြင့်လာသည်။ တခြား ကူးစက်ရောဂါများလည်း တိုကျိုတွင် ကူးစက်ပျံ့နှံ့ လျက်ရှိသည်။ လည်ချောင်းနာဖျားနာ ကူးစက် ရောဂါဖြစ်ပွားသူ အရေအတွက် သတိပေးထားသည့် ပမာဏထက် ပိုမိုမြင့်တက်လာဖွယ်ရှိသည်။ ရောဂါကူးစက်ခြင်း ခံရပါက အဖျားပြင်းထန်ခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်စိရောင်ရမ်းခြင်းတို့ ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် ကလေးငယ်များတွင် ကူးစက်ဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေသူများသည်လည်း ယခင်သီတင်းပတ်ထက် အနည်းငယ် မြင့်တက်လာသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုသည်လည်း လေးပတ်ဆက်တိုက် တိုးလာခဲ့သည်။
အင်န်အိတ်ချ်ကေ